ဒီက​နေ့​နေပြည်​​တော်​ပျဉ်းမနားမှာ အဖမ်းခံရတဲ့ကလေးအ​ယောက်​​ပေါင်း ၁၉၀ ​ကျော်​ရဲ့​နောက်​ဆုံးရ သတင်းအစုံအလင်​ပါဗျာ
ယူနီကုဒ်ဖြင့် ဖတ်ရန်
ယနေ့ ၂၂.၀၂.၂၁ တွင် ပျဉ်းမနားမှာ အဖမ်းခံရတဲ့ ကလေး182ယောက်အတွက် အားလုံစိုးရိမ်ပူပန်ပြီး အကူအညီများတောင်းခံနေပါတယ်။မိန်းကလေးငယ်ငယ်ရွယ်ရွယ်လေးတွေအများကြီးပါတာကြောင့် လူမဆန်တဲ့ကောင်တွေရန်ကို အလွန်အမင်းစိုးရိမ်ပူပန်နေကြပါတယ်၊နေပြည်တော်
အချုပ်ကိုခေါ်သွားတယ်လို့ကြားသိရပေမယ့်ယခုထိ သတင်းအတိအကျတော့မသိရသေးပါဘူးလို့ဆိုပါတယ်။ဖမ်းခံရတဲ့သူတွေထဲက ရနိုင်တဲ့ပုံတစ်ချို့ တင်ပေးလိုက်ပါတယ်။တတ်နိုင်တဲ့သူတွေကူညီပေးဖို့အနူးအညွတ်မေတ္တာရပ်ခံပါတယ်၊လူငယ်လေးတွေမို့ ကြောက်ရွံနေရှာမှာမို့
ကူညီပေးကြပါဦး။ နောက်ဆုံးတော့သိရပီ ဒီနေ့ နေပြည်တော်ပျဉ်းမနားမှာ ဖမ်းသွားတဲ့လူတွေကိုသာဝတ္တီဘက်ကတပ်ရင်း ၁၇ နဲ့ဗုဒ္ဓဂါယာဘက်ကတပ်ရင်း ၂၀ တို့မှာချုပ်ထားပါတယ်။ အခုတစ်ချို့တစ်ဝက်ကို ပြန်လွှတ်နေတယ်။ 100% confirmed၊ Edit ခေတ်ကအတွင်းသတင်းလို့ပြောရင်
မယုံကြတဲ့ခေတ် လှောင်ပြောင်ကြတဲ့ခေတ်မို့လို့ အတွင်းသတင်းဆိုပီး မရေးချင်တာဗျ။ဒါပေမယ့် ဒီလိုအတွင်းမှာဖြစ်တဲ့ ကိစ္စတွေကျ ဘလိုလုပ်မလဲ။အတွင်းက မလာရင် နောက်ဘယ်ကလာမလဲ။အဲ့တော့ဗျာအတွင်းသတင်းဆိုတဲ့စကားကိုမယုံရင်၊ Source ကသင်တို့ကိုယ်တိုင်ပါပဲ။
ဒီလောက်အထိပြောပီးပီပဲ။ မယုံရင်သွားကြည့်လို့ရသလို့၊ ကိုယ်တိုင်အားထုတ်ပီးလဲတီးခေါက်လို့ရပါတယ်။ ဒါမျိုးသတင်းကို မှားမရေးပါဗျ။ နေပြည်တော်ကဖမ်းဆီးထိန်းသိမ်းခံရတဲ့ထဲက အင်ဂျင်နီယာ ၇ယောက်နဲ့ အခြားအယောက်၃၀ ကိုတပ်ရင်း၂၀ မှာဖမ်းဆီးထားပြီး
ကျန်တဲ့အခြားသူတွေကိုတော့ နေပြည်တော်အချုပ်မှာထိန်းသိမ်းထားတယ်ပြောပါတယ်။ခံဝန်ထိုးပြီးလွှတ်ဖို့ရှေ့နေတွေနဲ့ ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။ ရမည်းသင်းအကျဉ်းထောင်ကို မပို့ပါဘူးခင်ဗျ။ နေပြည်တော်တွင် ဆန္ဒပြဖြိုခွင်းမှုမှ လူကွဲသွားသူများ တောင်ကုန်းတခုတွင်ခုချိန်ထိ
ပိတ်မိနေ၊ ယနေ့ နေ့လယ်ပိုင်းကနေပြည်တော် “ဆွာ” လမ်းဆုံမှာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့လူထုကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ရာမှ လွတ်မြောက်ရာပြေးခဲ့ကြတဲ့ လူအချို့ဟာခုအချိန်ထိတောတွင်းတနေရာမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။ ပိတ်မိနေတဲ့ နေရာဟာအထက (၁၁)၊ ပျဉ်းမနား-တောင်ညို
လမ်းဘေး ဖြစ်ပြီးအနီးနားမှာဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းလည်းရှိတယ်လို့ဆိုပါတယ်။ ပိတ်မိနေတဲ့လူတွေ ပြန်ထွက်လာအောင်ဆိုပြီး အပြင်ကနေ သစ်ရွက်ခြောက်တွေ မီးရှို့ပြီးလည်း ခြောက်လှန့်နေတယ်လို့ပိတ်မိနေသူရဲ့သူငယ်ချင်းကကျနော့်ကို ဖုန်းဆက်ပါတယ်။“ကျမကတော့ဝန်ထမ်း
အိမ်ရာလူတွေကယ်လို့လွတ်လာတာ။ ကျမသူငယ်ချင်းကလွန်ခဲ့တဲ့မိနစ် ၂၀ လောက်ကဖုန်းရသေးတယ်။ ခု မရတော့ဘူး။ ငါတို့မရတော့ဘူး။ မီးတွေလည်း ရှို့နေတယ်ဆိုပြီးပြောတယ်” လိုေ့ပြာပါတယ်။ အဆိုပါ ဇမ္ဗူသီရိမြို့နယ်ထဲမှ အထက (၁၁)၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းအနီးဝန်းကျင်
သည် ခြုံနွယ်၊ သစ်ပင်ထူထပ်သည့်တောတခုကဲ့သို့ဖြစ်ပြီး ပတ်လည်တွင်လည်းလူနေအိမ်ခြေ နည်းတဲ့နေရာတခု ဖြစ်ပါတယ်။ ဆန္ဒပြမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ သတင်းထောက်တဦးရဲ့ အဆိုအရဖမ်းဆီးသွားတဲ့အထဲ လူ ၁၉၃ ယောက်ဟာပျဉ်းမနားတမြို့တည်းကဖြစ်ပြီး
နေပြည်တော်တခုလုံး အတိုင်းအတာနဲ့ဆိုရင် လူ ၄၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ဖမ်းဆီးသွားတဲ့လူတွေကို နေပြည်တော်ရှိ ဘူးကွဲ အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး သိမ်းယူသွားတဲ့ ဆိုင်ကယ်တွေကိုတော့ နေပြည်တော်ကောင်စီဝန်းထဲမှာ ထိန်းသိမ်းထားတယ်လို့
သိရပါတယ်။UPDATED: ဖမ်းဆီးခံထားရသူတွေကို နေရာခွဲပြီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ နေရာအတိအကျတော့ မသိရပါဘူး။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်