ညမထြက္ရအမိန႔္အားေဖာက္ဖ်က္သူေတြနဲ႔ သံပုံးတီးၾကတဲ့အိမ္​မ်ားကုိ က်ည္အစစ္နဲ႔ပစ္မယ္လို႔​ေျပာထားတဲ့ (႐ုပ္​သံဖုိင္​)

ညမထြက္ရအမိန႔္ ေဖာက္ဖ်က္သူေတြကို ပစ္ခတ္မယ္ဆိုၿပီး ေသနတ္ကိုင္ၿခိမ္းေျခာက္ထားတဲ့ ဗီဒီယိုတစ္ခု လူမွုကြန္ရက္မွာ ပ်ံ႕ႏွံ့ေနတဲ့အေပၚ စစ္အာဏာသိမ္းမွုကို ကန႔္ကြက္ဆႏၵျပၾကသူေတြ စိုးရိမ္ေနၾကပါတယ္။ညမထြက္ရအမိန႔္ ေဖာက္ဖ်က္သူေတြ၊ ညဘက္မွာသံပုံးတီးၿပီးဆႏၵျပသူေတြကိုညဘက္တာဝန္မွူးအျဖစ္ကင္းလွည့္ခ်ိန္မွာက်ည္အစစ္နဲ႔ ပစ္ခတ္မွာျဖစ္ေၾကာင္း

Facebook ဗီဒီယိုတိုက္ရိုက္ (Live) ထုတ္လႊင့္ၿပီး ၿခိမ္းေျခာက္ေျပာဆိုထားတဲ့ “လုံျခဳံေရးတာဝန္မွူး” ဆိုသူတစ္ဦးရဲ့ဗီဒီယိုဖိုင္တစ္ဖိုင္ေဖေဖာ္ဝါရီ ၂၂ ရက္ မေန႔ညပိုင္းကလူမွုကြန္ရက္မွာပ်ံ႕ႏွံ့ခဲ့တာပါ“ ေတြ႔တဲ့ေကာင္ပစ္မယ္။ သံပုံးတီးတာနဲ႔ေခါင္းတည္ပစ္မယ္။ သံပုံးတီးတဲ့အိမ္လည္းေခါင္းတည္ပစ္မယ္။ ဒါအလကားေသနတ္ေတြမဟုတ္ဘူးေနာ္။ ၁ဝဝ ဖိုး ၃ လုံးဟာေတြမဟုတ္ဘူး။

ဒီမွာၾကည့္ က်ည္အစစ္၊ က်ည္အမွန္ေတြ”လုံျခဳံေရးတာဝန္မွူး” ဆိုသူဟာ လက္နက္ငယ္တစ္လက္၊ ညၾကည့္မွန္ေျပာင္းတပ္ဆင္ထားတဲ့ M-14 ေမာင္းျပန္ေသနတ္တစ္လက္ကို ကိုင္ေဆာင္ျပသၿပီး က်ည္ဆံအစစ္ေတြထည့္ထားေၾကာင္း အႀကိမ္ႀကိမ္ေျပာဆို ၿခိမ္းေျခာက္ေနတာပါ။ဒီဗီဒီယိုကို “ကို စစ္ ကိုစစ္” အမည္ရွိတဲ့ Facebook အေကာင့္ကထုတ္လႊင့္ခဲ့တာပါ။ ဒီအေကာင့္မွာေရးသားတဲ့

ပို႔စ္ေတြကိုဖတ္ရွုၾကည့္တဲ့အခါ၊အေကာင့္ပိုင္ရွင္ဟာ ၂၀၂၀ နိုဝင္ဘာေရြးေကာက္ပြဲကာလမွာ ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ့မွာ ရွိေနေၾကာင္း သိရၿပီး၊ ဒီအေကာင့္နဲ႔ပတ္သက္ေနသူ အမ်ားစုဟာေနျပည္ေတာ္ဝန္းက်င္က ျဖစ္တာကို ေတြ႕ရပါတယ္။“ကို စစ္ ကိုစစ္” အေကာင့္မွာတင္ထားတဲ့ဓာတ္ပုံေတြထဲမွာသူ႔လက္ေအာက္မွာတာဝန္ထမ္းေဆာင္တဲ့တပ္သားေတြနဲ႔တြဲရိုက္ထားတဲ့

ပုံေတြကိုေတြ႔ရပါတယ္။ ကြယ္လြန္သူ မျမသြဲ႔သြဲ႔ခိုင္ အပါအဝင္စစ္အာဏာသိမ္းမွုဆန႔္က်င္ဆႏၵျပသူေတြ၊ ဆႏၵျပပြဲမွာပါဝင္တဲ့႐ုပ္ရွင္နဲ႔အႏုပညာေလာကသားေတြကိုရိုင္းရိုင္းျပျပ၊ေရးသားထားတာေတြလည္း တင္ထားပါတယ္။ ဒါ့ျပင္ မြတ္ဆလင္ဆန႔္က်င္ေရးေရးသားခ်က္၊ NLD အစိုးရနဲ႔နိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ကိုစြပ္စြဲခ်က္ေတြနဲ႔ေရးသားထားတဲ့စာေတြ

တင္ထားတာလည္းေတြ႔ရပါတယ္။ဒီဗီဒီယိုနဲ႔ပတ္သက္လို႔ပရိသတ္ေတြကလည္း ဗီဒီယိုနဲ႔စာေတြေပးပို့လာတာေတြလည္း ရွိေနပါတယ္။အခုလို live ထုတ္လႊင့္ၿပီးေသနတ္ကိုင္ၿခိမ္ေျခာက္ထားတဲ့ ဗီဒီယိုနဲ႔ပတ္သက္ၿပီး Facebook ရဲ့ ေျပာခြင့္ရသူကိုဆက္သြယ္ေမးျမန္းထားေပမဲ့ တုံ႔ျပန္ခ်က္ မရေသးပါဘူး။တပ္မေတာ္သားဝတ္စုံနဲ႔အမ်ားျပည္သူကို ၿခိမ္းေျခာက္တဲ့ပို႔စ္ေတြဗီဒီယိုေတြ

ေရးသားတင္ေနတာနဲ႔ပတ္သက္လို႔တပ္မေတာ္ ဘက္ကသေဘာထားကိုသိနိုင္ဖို႔တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ဥကၠ႒နဲ႔စစ္ေကာင္စီအစိုးရဒုတိယျပန္ၾကားေရးဝန္ႀကီးဗိုလ္မွူးခ်ဳပ္ေဇာ္မင္းထြန္းကိုဆက္သြယ္ေမးျမန္းထားဆဲ ျဖစ္ပါတယ္။ဒီလိုအမ်ားျပည္သူကိုၿခိမ္းေျခာက္တာေတြနဲ႔ပတ္သက္ၿပီးစစ္အာဏာသိမ္းမွုဆန႔္က်င္ေရးလူထုလွုပ္ရွားမွုမွာ Generation Z မ်ိဳးဆက္ေတြ

နဲ႔အတူလက္တြဲေဆာင္ရြက္ေနသူတစ္ဦးကအခုလို တုံ႔ျပန္ပါတယ္။“က်မတို့အေနနဲ႔လတ္တေလာတုံ႔ျပန္ခ်င္တာကေတာ့ေလာေလာဆယ္ ဒီဗြီဒီယိုကထြက္လာတာနာရီပိုင္းပဲရွိေသးတဲ့အတြက္ ျမန္မာနိုင္ငံအပါအဝင္နိုင္ငံတကာမွာရွိေနတဲ့ Generation Z မ်ိဳးဆက္ေခါင္းေဆာင္ေတြနဲ႔မေဆြးေႏြးရေသးပါဘူး။က်မတို့ဘက္ကတုံ႔ျပန္မွုကေတာ့ ရွိလာပါမယ္။ ေလာေလာဆယ္မွာေတာ့

ဒီဗြီဒီယိုတစ္ခုလုံးကို အဂၤလိပ္လိုအစအဆုံးဘာသာျပန္ေနပါတယ္။ ဒီလို ၿခိမ္းေျခာက္ေနပါတယ္ဆိုတာဒါသက္ေသတစ္ခုျဖစ္သြားၿပီ။ ဘာသာျပန္ၿပီးရင္ေတာ့ ကမၻာကသိေအာင္ခ်ျပသြားဖို႔စီစဥ္ေနပါတယ္။ နိုင္ငံတကာသတင္းေတြမွာပါ ပါေအာင္က်ယ္က်ယ္ျပန႔္ျပန႔္လုပ္ေဆာင္ဖို႔

ႀကိဳးစားေနပါတယ္။”ဒီဗီဒီယိုတင္တဲ့သူရဲ႕ကိုယ္ေရးအခ်က္အလက္နဲ႔ လက္ရွိရာထူးကိုဆက္လက္စုံစမ္းေနဆဲျဖစ္ၿပီး သီးျခားအတည္ျပဳခ်က္ရဖို့ ႀကိဳးစားေနပါတယ္။အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ညမထွက်ရအမိန့် ဖောက်ဖျက်သူတွေကို ပစ်ခတ်မယ်ဆိုပြီး သေနတ်ကိုင်ခြိမ်းခြောက်ထားတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့အပေါ် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြကြသူတွေ စိုးရိမ်နေကြပါတယ်။ညမထွက်ရအမိန့် ဖောက်ဖျက်သူတွေ၊ ညဘက်မှာသံပုံးတီးပြီးဆန္ဒပြသူတွေကိုညဘက်တာဝန်မှူးအဖြစ်ကင်းလှည့်ချိန်မှာကျည်အစစ်နဲ့ ပစ်ခတ်မှာဖြစ်ကြောင်း

Facebook ဗီဒီယိုတိုက်ရိုက် (Live) ထုတ်လွှင့်ပြီး ခြိမ်းခြောက်ပြောဆိုထားတဲ့ “လုံခြုံရေးတာဝန်မှူး” ဆိုသူတစ်ဦးရဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ဖေဖော်ဝါရီ ၂၂ ရက် မနေ့ညပိုင်းကလူမှုကွန်ရက်မှာပျံ့နှံ့ခဲ့တာပါ“ တွေ့တဲ့ကောင်ပစ်မယ်။ သံပုံးတီးတာနဲ့ခေါင်းတည်ပစ်မယ်။ သံပုံးတီးတဲ့အိမ်လည်းခေါင်းတည်ပစ်မယ်။ ဒါအလကားသေနတ်တွေမဟုတ်ဘူးနော်။ ၁ဝဝ ဖိုး ၃ လုံးဟာတွေမဟုတ်ဘူး။

ဒီမှာကြည့် ကျည်အစစ်၊ ကျည်အမှန်တွေ”လုံခြုံရေးတာဝန်မှူး” ဆိုသူဟာ လက်နက်ငယ်တစ်လက်၊ ညကြည့်မှန်ပြောင်းတပ်ဆင်ထားတဲ့ M-14 မောင်းပြန်သေနတ်တစ်လက်ကို ကိုင်ဆောင်ပြသပြီး ကျည်ဆံအစစ်တွေထည့်ထားကြောင်း အကြိမ်ကြိမ်ပြောဆို ခြိမ်းခြောက်နေတာပါ။ဒီဗီဒီယိုကို “ကို စစ် ကိုစစ်” အမည်ရှိတဲ့ Facebook အကောင့်ကထုတ်လွှင့်ခဲ့တာပါ။ ဒီအကောင့်မှာရေးသားတဲ့

ပို့စ်တွေကိုဖတ်ရှုကြည့်တဲ့အခါ၊အကောင့်ပိုင်ရှင်ဟာ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲကာလမှာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ရှိနေကြောင်း သိရပြီး၊ ဒီအကောင့်နဲ့ပတ်သက်နေသူ အများစုဟာနေပြည်တော်ဝန်းကျင်က ဖြစ်တာကို တွေ့ရပါတယ်။“ကို စစ် ကိုစစ်” အကောင့်မှာတင်ထားတဲ့ဓာတ်ပုံတွေထဲမှာသူ့လက်အောက်မှာတာဝန်ထမ်းဆောင်တဲ့တပ်သားတွေနဲ့တွဲရိုက်ထားတဲ့

ပုံတွေကိုတွေ့ရပါတယ်။ ကွယ်လွန်သူ မမြသွဲ့သွဲ့ခိုင် အပါအဝင်စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေ၊ ဆန္ဒပြပွဲမှာပါဝင်တဲ့ရုပ်ရှင်နဲ့အနုပညာလောကသားတွေကိုရိုင်းရိုင်းပြပြ၊ရေးသားထားတာတွေလည်း တင်ထားပါတယ်။ ဒါ့ပြင် မွတ်ဆလင်ဆန့်ကျင်ရေးရေးသားချက်၊ NLD အစိုးရနဲ့နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုစွပ်စွဲချက်တွေနဲ့ရေးသားထားတဲ့စာတွေ

တင်ထားတာလည်းတွေ့ရပါတယ်။ဒီဗီဒီယိုနဲ့ပတ်သက်လို့ပရိသတ်တွေကလည်း ဗီဒီယိုနဲ့စာတွေပေးပို့လာတာတွေလည်း ရှိနေပါတယ်။အခုလို live ထုတ်လွှင့်ပြီးသေနတ်ကိုင်ခြိမ်းခြောက်ထားတဲ့ ဗီဒီယိုနဲ့ပတ်သက်ပြီး Facebook ရဲ့ ပြောခွင့်ရသူကိုဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ချက် မရသေးပါဘူး။တပ်မတော်သားဝတ်စုံနဲ့အများပြည်သူကို ခြိမ်းခြောက်တဲ့ပို့စ်တွေဗီဒီယိုတွေ

ရေးသားတင်နေတာနဲ့ပတ်သက်လို့တပ်မတော် ဘက်ကသဘောထားကိုသိနိုင်ဖို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌနဲ့စစ်ကောင်စီအစိုးရဒုတိယပြန်ကြားရေးဝန်ကြီးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကိုဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။ဒီလိုအများပြည်သူကိုခြိမ်းခြောက်တာတွေနဲ့ပတ်သက်ပြီးစစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလူထုလှုပ်ရှားမှုမှာ Generation Z မျိုးဆက်တွေ

နဲ့အတူလက်တွဲဆောင်ရွက်နေသူတစ်ဦးကအခုလို တုံ့ပြန်ပါတယ်။“ကျမတို့အနေနဲ့လတ်တလောတုံ့ပြန်ချင်တာကတော့လောလောဆယ် ဒီဗွီဒီယိုကထွက်လာတာနာရီပိုင်းပဲရှိသေးတဲ့အတွက် မြန်မာနိုင်ငံအပါအဝင်နိုင်ငံတကာမှာရှိနေတဲ့ Generation Z မျိုးဆက်ခေါင်းဆောင်တွေနဲ့မဆွေးနွေးရသေးပါဘူး။ကျမတို့ဘက်ကတုံ့ပြန်မှုကတော့ ရှိလာပါမယ်။ လောလောဆယ်မှာတော့

ဒီဗွီဒီယိုတစ်ခုလုံးကို အင်္ဂလိပ်လိုအစအဆုံးဘာသာပြန်နေပါတယ်။ ဒီလို ခြိမ်းခြောက်နေပါတယ်ဆိုတာဒါသက်သေတစ်ခုဖြစ်သွားပြီ။ ဘာသာပြန်ပြီးရင်တော့ ကမ္ဘာကသိအောင်ချပြသွားဖို့စီစဉ်နေပါတယ်။ နိုင်ငံတကာသတင်းတွေမှာပါ ပါအောင်ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့

ကြိုးစားနေပါတယ်။”ဒီဗီဒီယိုတင်တဲ့သူရဲ့ကိုယ်ရေးအချက်အလက်နဲ့ လက်ရှိရာထူးကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး သီးခြားအတည်ပြုချက်ရဖို့ ကြိုးစားနေပါတယ်။အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်