သရုပ္ေဆာင္လူမင္းအားလက္​ခံထားခဲ့​ေသာ ခ်ိဳၾကည္သာေတးသံသြင္းပိုင္ရွင္ကုိ ရဲတပ္​ဖြဲ႔မွအမႈဖြင္​့ခဲ့

ေဖေဖၚဝါရီလ ၂၂ ရက္ကဝရမ္းထုတ္ခံထားရတဲ့ သရုပ္ေဆာင္လူမင္းကို ခ်ိဳၾကည္သာေတးသံသြင္းမွလက္ခံထားတာေၾကာင့္ ခ်ိဳၾကည္သာ ေတးသံသြင္းပိုင္ရွင္ကို ဗဟန္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔မႉးရဲမႉး ေဇာ္လြင္က တရားလိုျပဳလုပ္ တိုင္တန္းၿပီး အမႈဖြင့္လိုက္တယ္လို႔သိရပါတယ္။ဗဟန္းၿမိဳ႕မရဲစခန္းမွာတာဝန္ထမ္းေဆာင္ေနတဲ့ရဲအရာရွိ

တစ္ဦးေျပာျပတာက” ခ်ိဳၾကည္သာ ေတးသံသြင္းပိုင္ရွင္ဦးၾကည္ဝင္းရဲ႕ေနအိမ္မွာ ႐ုပ္ရွင္သ႐ုပ္ေဆာင္လူမင္းခိုလႈံေနတယ္လို႔သတင္းအရသြားေရာက္စစ္ေဆးတဲ့အခါ အဲ့ဒီ အိမ္ရဲ႕ ေနအိမ္အေပၚထပ္အခန္းထဲမွာလူမင္းကို ေတြ႔ခဲ့ရတာပါ၊ အခ်ိန္က ၂၁ ရက္မနက္ ၁ နာရီဝန္းက်င္မွာ “လို႔ ျဖစ္ပါတယ္။သ႐ုပ္ေဆာင္လူမင္းဟာသူ႔ရဲ႕

ထင္ေပၚေက်ာ္ေဇာမႈကိုအခြင့္ေကာင္းယူအသုံးခ်ကာႏိုင္ငံ့ဝန္ထမ္းေတြအလုပ္မဆင္းဖို႔ CDM လႈပ္ရွားမႈမွာဦးေဆာင္ပါဝင္ပတ္သက္ခဲ့တယ္လို႔ရဲတပ္ဖြဲ႔ထုတ္ျပန္စြပ္စြဲၿပီးတာေမြၿမိဳ႕မရဲစခန္းမွာ (ပ) ၁၁၃ / ၂၀၂၁၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅ (က) အရ ဖမ္းဝရမ္းထုတ္ခံခဲ့ရပါတယ္။အဲ့ဒီအမႈနဲ႔ပတ္သက္ၿပီးသ႐ုပ္ေဆာင္လူမင္းဟာ

ေ႐ႊေတာင္ၾကား ၂ ရပ္ကြက္ကေနအိမ္တခုမွာ ေရာက္ရွိေနထိုင္တုန္းေဖေဖၚဝါရီလ ၂၁ ရက္ မနက္ ၁ နာရီအခ်ိန္ကဗဟန္းၿမိဳ႕ရဲစခန္းမႉးဒုရဲမႉး ေက်ာ္နီထြန္းအဖြဲ႔နဲ႔၊ အမွတ္(၅) လုံၿခဳံေရးရဲတပ္ဖြဲ႔ဒုရဲအုပ္တင္ေအာင္မင္းထြန္းတို႔ အဖြဲ႕က သြားေရာက္ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။အဲ့ဒါေၾကာင့္သ႐ုပ္ေဆာင္လူမင္းကိုယ္လက္ခံထားတဲ့အိမ္ရွင္

ဦးၾကည္ဝင္းဆိုသူကိုဗဟန္းၿမိဳ႕မရဲစခန္းက (ပ) ၃၅ / ၂၀၂၁ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၂၁၂ အရအမႈဖြင့္ အေရးယူထားတာျဖစ္တယ္လို႔သိရပါတယ္။ “ဖမ္းဝရမ္းထုတ္ဆင့္ခံထားရတဲ့သူေတြကိုလက္ခံထားရွိတယ္ဆိုရင္အေရးယူမယ္လို႔ တရားဝင္ အသိေပးထုတ္ျပန္ထားၿပီးျဖစ္တယ္၊

အဲ့ဒါေၾကာင့္ သ႐ုပ္ေတာင္ လူမင္းကို ဝရမ္းထုတ္ထားတဲ့သူမွန္း သိပါရက္နဲ႔ လက္ခံခဲ့လို႔ အေရးယူတာျဖစ္တယ္”လို႔ ဗဟန္းၿမိဳ႕မရဲစခန္းက ရဲအရာရွိ တစ္ေယာက္က ေျပာပါတယ္။အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ဖေဖေါ်ဝါရီလ ၂၂ ရက်ကဝရမ်းထုတ်ခံထားရတဲ့ သရုပ်ဆောင်လူမင်းကို ချိုကြည်သာတေးသံသွင်းမှလက်ခံထားတာကြောင့် ချိုကြည်သာ တေးသံသွင်းပိုင်ရှင်ကို ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်လွင်က တရားလိုပြုလုပ် တိုင်တန်းပြီး အမှုဖွင့်လိုက်တယ်လို့သိရပါတယ်။ဗဟန်းမြို့မရဲစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ရဲအရာရှိ

တစ်ဦးပြောပြတာက” ချိုကြည်သာ တေးသံသွင်းပိုင်ရှင်ဦးကြည်ဝင်းရဲ့နေအိမ်မှာ ရုပ်ရှင်သရုပ်ဆောင်လူမင်းခိုလှုံနေတယ်လို့သတင်းအရသွားရောက်စစ်ဆေးတဲ့အခါ အဲ့ဒီ အိမ်ရဲ့ နေအိမ်အပေါ်ထပ်အခန်းထဲမှာလူမင်းကို တွေ့ခဲ့ရတာပါ၊ အချိန်က ၂၁ ရက်မနက် ၁ နာရီဝန်းကျင်မှာ “လို့ ဖြစ်ပါတယ်။သရုပ်ဆောင်လူမင်းဟာသူ့ရဲ့

ထင်ပေါ်ကျော်ဇောမှုကိုအခွင့်ကောင်းယူအသုံးချကာနိုင်ငံ့ဝန်ထမ်းတွေအလုပ်မဆင်းဖို့ CDM လှုပ်ရှားမှုမှာဦးဆောင်ပါဝင်ပတ်သက်ခဲ့တယ်လို့ရဲတပ်ဖွဲ့ထုတ်ပြန်စွပ်စွဲပြီးတာမွေမြို့မရဲစခန်းမှာ (ပ) ၁၁၃ / ၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အရ ဖမ်းဝရမ်းထုတ်ခံခဲ့ရပါတယ်။အဲ့ဒီအမှုနဲ့ပတ်သက်ပြီးသရုပ်ဆောင်လူမင်းဟာ

ရွှေတောင်ကြား ၂ ရပ်ကွက်ကနေအိမ်တခုမှာ ရောက်ရှိနေထိုင်တုန်းဖေဖေါ်ဝါရီလ ၂၁ ရက် မနက် ၁ နာရီအချိန်ကဗဟန်းမြို့ရဲစခန်းမှူးဒုရဲမှူး ကျော်နီထွန်းအဖွဲ့နဲ့၊ အမှတ်(၅) လုံခြုံရေးရဲတပ်ဖွဲ့ဒုရဲအုပ်တင်အောင်မင်းထွန်းတို့ အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့်သရုပ်ဆောင်လူမင်းကိုယ်လက်ခံထားတဲ့အိမ်ရှင်

ဦးကြည်ဝင်းဆိုသူကိုဗဟန်းမြို့မရဲစခန်းက (ပ) ၃၅ / ၂၀၂၁ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၁၂ အရအမှုဖွင့် အရေးယူထားတာဖြစ်တယ်လို့သိရပါတယ်။ “ဖမ်းဝရမ်းထုတ်ဆင့်ခံထားရတဲ့သူတွေကိုလက်ခံထားရှိတယ်ဆိုရင်အရေးယူမယ်လို့ တရားဝင် အသိပေးထုတ်ပြန်ထားပြီးဖြစ်တယ်၊

အဲ့ဒါကြောင့် သရုပ်တောင် လူမင်းကို ဝရမ်းထုတ်ထားတဲ့သူမှန်း သိပါရက်နဲ့ လက်ခံခဲ့လို့ အရေးယူတာဖြစ်တယ်”လို့ ဗဟန်းမြို့မရဲစခန်းက ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်