BREAKING NEWS ပါျမန္မာျပည္သူမ်ားရဲ႕ဆႏၵအတိုင္း လုပ္သင့္တယ္လို႔အင္ဒိုနီးရွားနိုင္ငံျခားေရးဝန္ႀကီးမွ ထုတ္ေျပာလာခဲ့ၿပီ

ရိုက္တာသတင္းဌာနက အင္ဒိုနီးရွားနိုင္ငံျခားေရးဝန္ႀကီးဟာအာဏာသိမ္းစစ္တပ္ေျပာထားတဲ့ ေရြးေကာက္ပြဲသစ္လုပ္ဖို့ အားေပးေထာက္ခံေၾကာင္းအာဆီယံနိုင္ငံေတြၾကားေနာက္ကြယ္ကေန စည္း႐ုံးေနတဲ့သတင္းကိုဖြင့္ခ်လိုက္ၿပီး တစ္ရက္အၾကာ ဒီကေန႔မွာေတာ့အင္ဒိုနီးရွားနိုင္ငံျခားေရးဝန္ႀကီး ရတ္နိုမာဆူဒီက ျမန္မာျပည္သူေတြရဲ႕

ဆႏၵအတိုင္း ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကို လုပ္သင့္ပါတယ္လို့ ထုတ္ေျပာလာပါတယ္။“အင္ဒိုနီးရွားအေနနဲ႔ ျမန္မာျပည္ရဲ့အေျခအေနေတြကိုအလြန္စိုးရိမ္ပါတယ္။ ျမန္မာျပည္သူေတြကို ေထာက္ခံပါတယ္။ ျမန္မာျပည္သူေတြလုံျခဳံမွုရွိေရးနဲ႔သာယာဝေျပာေရးဟာနံပါတ္တစ္ ဦးစားေပးျဖစ္ပါတယ္။ အားလုံးပါဝင္တဲ့ဒီမိုကေရစီ

အသြင္ကူးေျပာင္းမွုဟာ ျမန္မာျပည္သူေတြရဲ့ဆႏၵသေဘာအတိုင္း ျဖစ္ရပါမယ္။”လို့ ရိုက္တာသတင္းဌာနကို သူမရဲ့နိုင္ငံျခားေရး႐ုံးကဒီမနက္အေၾကာင္းျပန္ခ်က္ ေပးပို့ခဲ့ပါတယ္။ထိပ္တုိက္ေတြ႔ျခင္းကို အတတ္နိုင္ဆုံးေရွာင္ရွားဖို့ကိုလည္းသူမကတိုက္တြန္းလိုက္ၿပီးနိုဝင္ဘာ ၈ရက္ေန႔ ေရြးေကာက္ပြဲရလဒ္ကိုေလးစားဖို့ေမးျမန္းခ်က္ကိုေတာ့

မွတ္ခ်က္မေပးခဲ့ပါဘူး။ ဒါေပမယ့္အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒိုက ေရြးေကာက္ပြဲအနိုင္ရခဲ့တဲ့အေပၚလူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကိုဂုဏ္ျပဳခ်ီးက်ဴးစကားဆိုခဲ့တယ္လို႔ေျပာခြင့္ရသူကမွတ္ခ်က္ေပးခဲ့ပါတယ္။အာဆီယံအေနနဲ႔အာဏာသိမ္းစစ္အုပ္စုနဲ႔ ဆႏၵျပျပည္သူေတြၾကား

ၾကားဝင္ေစ့စပ္ဖို့ အင္ဒိုနီးရွားကစီစဥ္ေနတယ္ဆိုတဲ့ ရိုက္တာသတင္းဌာနရဲ့ ေရးသားခ်က္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို့လည္း ျငင္းဆန္ခဲ့ပါတယ္။အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ရိုက်တာသတင်းဌာနက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာအာဏာသိမ်းစစ်တပ်ပြောထားတဲ့ ရွေးကောက်ပွဲသစ်လုပ်ဖို့ အားပေးထောက်ခံကြောင်းအာဆီယံနိုင်ငံတွေကြားနောက်ကွယ်ကနေ စည်းရုံးနေတဲ့သတင်းကိုဖွင့်ချလိုက်ပြီး တစ်ရက်အကြာ ဒီကနေ့မှာတော့အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မြန်မာပြည်သူတွေရဲ့

ဆန္ဒအတိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လုပ်သင့်ပါတယ်လို့ ထုတ်ပြောလာပါတယ်။“အင်ဒိုနီးရှားအနေနဲ့ မြန်မာပြည်ရဲ့အခြေအနေတွေကိုအလွန်စိုးရိမ်ပါတယ်။ မြန်မာပြည်သူတွေကို ထောက်ခံပါတယ်။ မြန်မာပြည်သူတွေလုံခြုံမှုရှိရေးနဲ့သာယာဝပြောရေးဟာနံပါတ်တစ် ဦးစားပေးဖြစ်ပါတယ်။ အားလုံးပါဝင်တဲ့ဒီမိုကရေစီ

အသွင်ကူးပြောင်းမှုဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒသဘောအတိုင်း ဖြစ်ရပါမယ်။”လို့ ရိုက်တာသတင်းဌာနကို သူမရဲ့နိုင်ငံခြားရေးရုံးကဒီမနက်အကြောင်းပြန်ချက် ပေးပို့ခဲ့ပါတယ်။ထိပ်တိုက်တွေ့ခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားဖို့ကိုလည်းသူမကတိုက်တွန်းလိုက်ပြီးနိုဝင်ဘာ ၈ရက်နေ့ ရွေးကောက်ပွဲရလဒ်ကိုလေးစားဖို့မေးမြန်းချက်ကိုတော့

မှတ်ချက်မပေးခဲ့ပါဘူး။ ဒါပေမယ့်အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့အပေါ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုဂုဏ်ပြုချီးကျူးစကားဆိုခဲ့တယ်လို့ပြောခွင့်ရသူကမှတ်ချက်ပေးခဲ့ပါတယ်။အာဆီယံအနေနဲ့အာဏာသိမ်းစစ်အုပ်စုနဲ့ ဆန္ဒပြပြည်သူတွေကြား

ကြားဝင်စေ့စပ်ဖို့ အင်ဒိုနီးရှားကစီစဉ်နေတယ်ဆိုတဲ့ ရိုက်တာသတင်းဌာနရဲ့ ရေးသားချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့လည်း ငြင်းဆန်ခဲ့ပါတယ်။အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်