က်ည္ဆံ(၁၅)ခ်က္သင့္ၿပီးဆုံးသြားခဲ့​ေသာ ပရဟိတဓါရီနိဗၺာန္ကားေလးကို ပို႔​ေဆာင္​ျခင္းအခမ္းအနားျပဳလုပ္ကာ ဆႏၵျပဟုသိရ

မႏၲေလးၿမိဳ့မွာေဖေဖာ္ဝါရီ ၁၇ ရက္ေန႔ညပိုင္းက ၃၄ လမ္း ၇၉ လမ္းမွာရွိတဲ့ ပရဟိတဓာရီအသင္းကိုပါတပ္မေတာ္သားေတြနဲ႔ရဲတပ္ဖြဲ႔ဝင္ေတြကလုပ္​ခဲ့တဲ့အတြက္ “က်ည္ (၁၅)ခ်က္သင့္ၿပီးဆုံးပါးခဲ့တဲ့ ပရဟိတဓါရီ နိဗၺာန္ယာဥ္ေလးကိုပို့ေဆာင္သၿဂိဳဟ္ျခင္း” အခမ္းအနားျပဳလုပ္ရင္း ၿမိဳ့အတြင္းကိုလွည္လည္ၿပီးဆႏၵျပေနၾကတာျဖစ္ပါတယ္။

အဲ့ဒီျဖစ္စဥ္ကေတာ့ ၃၄ လမ္း ၇၈× ၇၉ လမ္းနားကရထားသံလမ္းကိုပိတ္ဆို႔ၿပီးဆႏၵျပခဲ့တာေၾကာင့္ေဖေဖာ္ဝါရီ၁၇ရက္ေန႔ညပိုင္းမွာတပ္မေတာ္ သားေတြနဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြကလူစုခြဲမွုျပဳလုပ္ခဲ့တာျဖစ္ပါတယ္။”စစ္အာဏာရွင္ျဖဳတ္ခ်ေရးလို႔ေအာ္မွ ဆႏၵထုတ္ေဖာ္တာမဟုတ္ဘူး က်ေနာ္တို့တေတြဟာလက္သုံးေခ်ာင္းေထာင္ရင္လည္း

ဆႏၵထုတ္ေဖာ္တာပဲအဲ့လိုဘဲယာဥ္တန္းႀကီးနဲ႔ ကမၻာကိုခ်ျပတာလည္းက်ေတာ္တို့တေတြကအာဏာရွင္စနစ္ဆိုးကို လုံးဝအလိုမရွိဘူးဆိုတာဆႏၵထုတ္ေဖာ္တာျဖစ္တယ္” လို႔ပရဟိတဓါရီအသင္း ဥကၠ႒ ဦးခင္ေမာင္တင့္ (ပရဟိတမင္းေခါင္)ကေျပာပါတယ္။ဆႏၵျပရာမွာပါဝင္လို႔ ေသနတ္မွန္ၿပီးဆုံးပါးခဲ့ရတဲ့သူေတြအတြက္

အလွူေငြေတြကိုလည္းသူတို့ရဲ့မိသားစုဝင္ေတြကို ဒီရက္ပိုင္းအတြင္းေထာက္ပံ့ေပးအပ္သြားမယ္လို့လည္းသိရပါတယ္။ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔က ရတနာပုံသေဘၤာက်င္းမွာ ဆႏၵျပသူေတြကိုျဖိဳခြင္းတဲ့ျဖစ္စဥ္မွာလည္း ကယ္ဆယ္ေရးျပဳ လုပ္ေနတဲ့ေမတၱာျမင့္မိုရ္ ပရဟိတအသင္းကားတစ္စီးက်ည္အစစ္ေတြနဲ႔ ပတ္ခတ္ခံခဲ့ရပါတယ္။

တပ္မေတာ္ကအာဏာထိန္းသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပသူေတြကိုအၾကမ္းဖက္ၿဖိဳခြင္းရာမွာ ပရဟိတလုပ္ေဆာင္ေနၾကတဲ့သူေတြကိုပါ ၿဖိဳခြင္းခဲ့တဲ့အတြက္ က်ည္ဆန္ထိမွန္ခဲ့တဲ့ကားေတြနဲ႔ ပရဟိတလုပ္ေဆာင္ေနသူေတြပါ က်ည္မွန္လို့ ဒဏ္ရာရခဲ့သူေတြ ရွိေနပါတယ္။အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မန္တလေးမြို့မှာဖေဖော်ဝါရီ ၁၇ ရက်နေ့ညပိုင်းက ၃၄ လမ်း ၇၉ လမ်းမှာရှိတဲ့ ပရဟိတဓာရီအသင်းကိုပါတပ်မတော်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကလုပ်ခဲ့တဲ့အတွက် “ကျည် (၁၅)ချက်သင့်ပြီးဆုံးပါးခဲ့တဲ့ ပရဟိတဓါရီ နိဗ္ဗာန်ယာဉ်လေးကိုပို့ဆောင်သဂြိုဟ်ခြင်း” အခမ်းအနားပြုလုပ်ရင်း မြို့အတွင်းကိုလှည်လည်ပြီးဆန္ဒပြနေကြတာဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်ကတော့ ၃၄ လမ်း ၇၈× ၇၉ လမ်းနားကရထားသံလမ်းကိုပိတ်ဆို့ပြီးဆန္ဒပြခဲ့တာကြောင့်ဖေဖော်ဝါရီ၁၇ရက်နေ့ညပိုင်းမှာတပ်မတော် သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကလူစုခွဲမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။”စစ်အာဏာရှင်ဖြုတ်ချရေးလို့အော်မှ ဆန္ဒထုတ်ဖော်တာမဟုတ်ဘူး ကျနော်တို့တတွေဟာလက်သုံးချောင်းထောင်ရင်လည်း

ဆန္ဒထုတ်ဖော်တာပဲအဲ့လိုဘဲယာဉ်တန်းကြီးနဲ့ ကမ္ဘာကိုချပြတာလည်းကျတော်တို့တတွေကအာဏာရှင်စနစ်ဆိုးကို လုံးဝအလိုမရှိဘူးဆိုတာဆန္ဒထုတ်ဖော်တာဖြစ်တယ်” လို့ပရဟိတဓါရီအသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင့် (ပရဟိတမင်းခေါင်)ကပြောပါတယ်။ဆန္ဒပြရာမှာပါဝင်လို့ သေနတ်မှန်ပြီးဆုံးပါးခဲ့ရတဲ့သူတွေအတွက်

အလှူငွေတွေကိုလည်းသူတို့ရဲ့မိသားစုဝင်တွေကို ဒီရက်ပိုင်းအတွင်းထောက်ပံ့ပေးအပ်သွားမယ်လို့လည်းသိရပါတယ်။ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရတနာပုံသင်္ဘောကျင်းမှာ ဆန္ဒပြသူတွေကိုဖြိုခွင်းတဲ့ဖြစ်စဉ်မှာလည်း ကယ်ဆယ်ရေးပြု လုပ်နေတဲ့မေတ္တာမြင့်မိုရ် ပရဟိတအသင်းကားတစ်စီးကျည်အစစ်တွေနဲ့ ပတ်ခတ်ခံခဲ့ရပါတယ်။

တပ်မတော်ကအာဏာထိန်းသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူတွေကိုအကြမ်းဖက်ဖြိုခွင်းရာမှာ ပရဟိတလုပ်ဆောင်နေကြတဲ့သူတွေကိုပါ ဖြိုခွင်းခဲ့တဲ့အတွက် ကျည်ဆန်ထိမှန်ခဲ့တဲ့ကားတွေနဲ့ ပရဟိတလုပ်ဆောင်နေသူတွေပါ ကျည်မှန်လို့ ဒဏ်ရာရခဲ့သူတွေ ရှိနေပါတယ်။အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်