အကုန်​လုံးမျက်ရည်ကျခဲ့ရတဲ့ ဦးဇင်ဝိုင်းအတွက် မင်းမော်ကွန်းရေးတဲ့စာလေးတဲ့​နော်
ယူနီကုဒ်ဖြင့် ဖတ်ရန်
အဖေနားပါအဖေ၊ သားတို့တောင်လူရောစိတ်ရောပင်ပန်းနေတာ၊ အဖေဆိုပိုပင်ပန်းမှာမပြောပေမယ့်သိနေလို့ပါအဖေရယ်၊ အဖေ့ကိုအရင်လိုထပ်ပြီးနည်းပေါင်းစုံနဲ့နှိပ်စက်တာမခံစေချင်ပါဘူး၊ သားတာဝန်ထားပါအဖေ၊ အမေ့ကိုပဲစောင့်လျှောက်ပေးပါအိမ်မှာအဖေနဲ့သားတစ်ယောက်ယောက်တော့ရှိနေမှဖြစ်မှာပါတဲ့လေ။
ခုဟာကတော့မင်းမော်ကွန်းရဲ့ညီလေးရေးထားတာပါနော်။ သို့အဖေသားလေအဖေ့သားဖြစ်ရတာ သိပ်ဂုဏ်ယူတာပဲကိုယ်မှန်တယ်ထင်ရင် ဘာမဆိုလုပ်ရဲတဲ့စိတ်ဓါတ်ဘာကိုမှဂရုမစိုက်ဘဲ အမှန်တရားအတွက်ဆိုရှေ့တန်းထွက်ရဲတဲ့ သတ္တိ၊ ပြီးခဲ့တဲ့တစ်ပတ်လုံးလုံး သားစိတ်တွေအရမ်းပူနေခဲ့ပါတယ်။မရယ်နိုင် မပြုံးနိုင်လောက်အောင်ပါပဲ၊
အဖေနဲ့ ကိုကိုတခုခုဖြစ်မှာသိပ်ကိုစိုးရိမ်တယ်ဒါပေမဲ့ အဖေနဲ့ဖုန်းပြောပြီးတဲ့ အချိန်ကစပြီးသားမှာစိုးရိမ်စိတ်တွေမရှိတော့ဘူးအဖေ၊အဲဒီနေ့က အဖေ့မျက်လုံးထဲမှာ သိပ်ကိုပြတ်သားတဲ့အရိပ်အယောင်တွေကိုမြင်လိုက်ရတယ်၊အမှန်တရားကလွဲရင် ဘယ်ဟာမှအရေးမကြီးဘူးဆိုတာသိလိုက်ရတယ်၊အဖေအမှန်တရားအတွက်
လုပ်နေတယ်ဆိုတာကိုလည်း ပိုပြီးသိလိုက်ရပါတယ်၊အဖေပင်ပန်းနေပြီနောက်နေ့တစ်ရက်တော့ နားလိုက်ပါဦးဆိုတာကိုအေးပါအေးပါဆိုပြီး ညနေပိုင်းကိုရအောင်ထွက်သေးတယ်နော်၊အဖေအသက်ကြီးပြီအဖေ၊ ၈၈ တုန်းကလည်းအဖေဒုက္ခမျိုးစုံနဲ့ပေးဆပ်ခဲ့ပြီးပါပြီ၊အခုအချိန်မှာ အဖေဝင်မပါလည်း ဘာမှမဖြစ်ပါဘူး၊
လူငယ်တွေလုပ်ကြမှာပေါ့သားတို့လုပ်ရမှာပေါ့ ခေါင်းမာလိုက်တာအဖေရေ၊အခုအချိန်မှာ သားအဖေတို့နဲ့အတူမရှိနိုင်တာကိုခွင့်လွှတ်ပါအဖေ၊သားလည်းအဖေ့စိတ်ဓါတ်မျိုးတွေရှိချင်လိုက်တာအဖေရယ်၊သားသာအဖေ့နေရာမှာဆိုရင်ဒီလိုသတ္တိမျိုးမရှိနိုင်ပါဘူး၊အဖေကျန်းမာအောင်နေပေးပါ၊
အားလုံးအဆင်ပြေသွားတဲ့တစ်နေ့ ဒီပြဿနာကြီးပြီးသွားတဲ့တစ်နေ့အဖေပြုံးနေတာလေးမြင်ချင်သေးတယ် အဖေ၊ ချစ်တဲ့ လွမ်းတဲ့သား ဆိုပြီးပဲဖြစ်ပါတယ်ခင်ဗျာ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်