အာဏာသိမ်းပြီး ဆက်သွယ်ရေးဖြတ်တောက်ခံခဲ့ရလို့ ဆုံးရှုံးသွားခဲ့ရရှာ​သော လူ့အသက်​များအ​ကြောင်း

အာဏာသိမ်းတာ ဆက်သွယ်ရေးဖြတ်တောက်တာ နောင်ရေးကိုတွေးပူတာတွေ ဘာမှမစဉ်းစားမိခဲ့ဘူး၊ မနက်သုံးနာရီကျော်လောက်မှာ ကိုယ်တာဝန်ကျတဲ့နေရာကိုဗစ်လူနာအထူးကြပ်မတ်ကုသဆောင်မှာ ရုတ်တရက်အဆက်သွယ်ပြတ်တောက်သွားချိန်ကူကယ်ရာမဲ့ဆုံးခဲ့ရတဲ့လူနာကိုကြည့်ပြီးရင်ထဲမှာနာတယ်ကိုဗစ်လူနာတွေကို ကျွန်မတို့ကဖုန်းကတဆင့်ဆက်သွယ်ပြောဆိုပြီး ကုသပြုစုမှုပေးတာက သူတို့အတွက်အသက်နဲ့ထပ်တူအရေးကြီးပါတယ် သူတို့အထဲမှာဖြစ်ပျက်နေတာကို CCTV ကမမြင်ရတဲ့နေရာတွေကို သူတို့ကဖုန်းနဲ့လှမ်းအကူညီတောင်းရပါတယ်။ဒီလိုဆက်သွယ်ရေးဖြတ်တောက်တာတွေက သာမာန်အချိန်မှာကျွန်မတို့တွေသာမာန်လူနာတွေအတွက် ဘာမှမထိခိုက်ပေမယ့်အခုလိုရောဂါဆိုးကြီးဖြစ်နေချိန်မှာမှ ပြည်သူအတွက်လို့ခေါင်းစဉ်တပ်ပြီး ပြည်သူတွေကိုမငဲ့ပဲလုပ်ရက်တာ ဘယ်လိုနှလုံးသားနဲ့များလုပ်ရက်ရတာလဲဆိုပြီး ဝမ်းနည်းရပါတယ်။ကျွန်မ ဘယ်တုန်းကမှ ဘာအတွက်နဲ့မှ နိုင်ငံရေးအရှုပ်အရှင်းထဲဝင်မပါဝင်မရေးခဲ့ပါဘူး၊ဒီနေ့အဖြစ်အပျက်ကတော့လက်တွေ့ခံပြင်းစိတ်နာလွန်းလို့ တစ်သက်မမေ့ပါဘူး၊လူနာတွေကိုမငဲ့ဘူးလို့ပဲတွေးနေမိရင်းနဲ့ လူနာမပြောနဲ့တိုင်းပြည်အပေါ်တောင်မငဲ့မှတော့ ကျန်တာပြောစရာမရှိတော့ပါဘူးဆိုပြီး ဆုံးပါးခဲ့ရတဲ့လူနာတွေအတွက် နောင်ဘဝဆိုတာရှိရင် ဒီနိုင်ငံမှာလူလာမဖြစ်စေချင်တော့ဘူး။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော …

Read More

ခေါင်းကိုက်လို့ဆိုပြီးအိပ်ယာဝင်ခဲ့မိရာမှ အဖြစ်ဆိုးနဲ့ကြုံခဲ့ရရှာတဲ့(၂၁)နှစ်အရွယ် မိန်းမ​ချော​လေး

News.AU မှ ဖော်ပြချက်အရအသက်၂၁နှစ်အရွယ်အမျိုးသမီးငယ်လေးတစ်ဦးမှာ ခေါင်းကိုက်ကိုက် နဲ့ညအိပ်ယာဝင်သွားခဲ့ပြီး နောက်တစ်နေ့မနက် မှာတော့ အသက်ဆုံးရှုံးခဲ့ရတယ်ဆိုပြီး ဖတ်ခဲ့ရပါတယ်။ဖြစ်စဉ် အသေးစိတ်ကိုတော့ ကိုးကားဖော်ပြပေးလိုက် ပါတယ်။ UK, Gateshead မှာ မိခင်နဲ့ အတူတူနေထိုင်နေတဲ့အသက် ၂၁ နှစ်အရွယ် မိန်းကလေး Jessica Cain ပါ။သူမဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ တုန်းကရုတ်တရက် အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ မသေဆုံးခင်ညတုန်းက Jessica …

Read More

ရေအိတ်တည်ရောဂါခံစား​နေရရှာတဲ့ ကလေးငယ်တစ်ဦးအားကူညီနိုင်​မဲ့ အလှူရှင်များ အမြန်ပေါ်ပါစေဗျာ

မောင်လင်းထက်ဦးအသက် ၄ လခေါင်းရေအိတည်ရောဂါပါ၊ မွန်ပြည်နယ် ပေါင်မြို့နယ်ဒေကင်ရွာကပါ။ချစ်ရာကလေးလေးနောက် ၃ ရက်ကျရင်ရန်ကုန်ဆေးရုံလာဖို့ချိတ်ဆက် ပြီးပါပြီ။စစ်တောင်းတံတားမှာဖောင်ဒေးရှင်းမှ သူနာတင်ယာဉ်ကသွားခေါ်ဆောင်ပေးရမှာပါ။ကျမဆီအခုရက် ခေါင်းရေအိတ်ကလေး ၂ ယောက်တပြိုင်တည်းလာအကူအညီတောင်းပါတယ်။တစ်ယောက်ကရေနံချောင်းရွာကပါ ၂ လသားလေးပါ။မကြာခင် ခွဲရတော့မှာဖြစ်လို့အလှူမခံတော့ပဲခေါင်းရေအိတ် ကလေးလူနာတွေအတွက်လှူပေးထားတယ့်တစ်ဦးတည်းအလှူရှင်များရဲ့ငွေကိုသုံးပါမယ်။ အခု ကလေးအတွက်တော့စုပေါင်း အလှူလေးကုသိုလ် ပါဝင်ရအောင် အလှူခံတင်လိုက် ပါတယ်။နွမ်းပါး ကလေးလူနာများကိုလှူလိုလျှင်ဝေဠုကျော် ဖောင်ဒေးရှင်းဝေဠုကျော်နေအိမ်အမှတ် ၂၃၇ကံ့ကော်မြိုင် ၂လမ်း  ၂၃ ရပ်ကွက် VIP 1 …

Read More

ဂျပန်နိုင်ငံ​ထက်ကိုဗစ်ကာကွယ်ဆေးအား စောပြီးရရှိခဲ့တဲ့မြန်မာပြည်နဲ့ ကျေးဇူးတင်ဖို့ကောင်းလှတဲ့ အစိုးရ

ကိုဗစ်ဆေး ဒီကနေ့ရောက်မည်။အိန္ဒိယကလာမယ့် ကိုဗစ်ဆေး ၁.၅ သန်း ဒီကနေ့နေ့လယ်ရောက်ကာမကြာမီဆေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေကိုစထိုးပေးနိုင်ပါတော့မည်။အိန္ဒိယထုတ်ကိုဗစ်ဆေးဟာအအေးခန်း ၂ ကနေ ၈ ဒီဂရီစင်တီဂရိတ်ပဲလိုတာမို့ထိန်းသိမ်းဖြန့်ချိပေးဖို့လွယ်ကူစေပါတယ်။ Covishield ဆေးဟာ ၆၂ ကနေ ၈၀ ရာခိုင်နှုန်းအထိထိရောက်မှုကောင်းပါသတဲ့။ မြန်မာအစိုးရဟာဒီနေရာမှာဂျပန်အစိုးရထက်ကို စီမံခန့်ခွဲမှုပိုသာသွားတဲ့သဘောပါပဲ။မနေ့ကနိုင်ငံတကာသတင်းမှာဂျပန်သတင်းစာတွေက ဂျပန်တွေမေလမှအစောဆုံးကိုဗစ်ဆေးကိုစတင်ရနိုင်လိမ့်မယ်လို့ပြောအပြီးအစိုးရဝန်ကြီးတွေကပြာပြာသလဲမဟုတ်ဘူးငြင်းနေကြရတာပါ။ ဒါပေမယ့် ဂျပန်အစိုးရဆေးဝန်ထမ်းတွေကိုဖေဖော်ဝါရီလကုန်မှစထိုးနိုင်မှာဖြစ်ပြီး၊ ဧပြီလကုန်မှာလူသန်း (၅၀) ထိုးပေးမယ်လို့ရည်ရွယ်ထားပါသတဲ့။ဒါဟာ တစ်နေ့ကိုလူ ၈ သိန်းထိုးပေးရမှာမို့မဖြစ်နိုင်တဲ့ကိန်းဂဏန်းတွေလို့လေ့လာသူတွေကဆိုပါတယ်။ အထက်ပါဖြစ်ရပ် ၂ …

Read More

မြန်မာတနိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေးထိုးဖို့အတွက် ရှေ့တန်းတပ်မှူးကြီးတွေ စတင်လေ့ကျင့်နေပါပြီဗျာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည်ဇန်နဝါရီလ (၁၂) ရက်နေ့၊ ညနေပိုင်းတွင် ပြုလုပ်ခဲ့သော COVID-19 ကာကွယ်ဆေးရရှိလာနိုင်မှုအခြေအနေ အမျိုးအမျိုးအပေါ်မူတည်၍ စနစ်တကျခွဲဝေထိုးနှံနိုင်ရေးသဏ္ဍာန်တူစားပွဲတင်လေ့ကျင့် ကြိုတင်ပြင်ဆင်ခြင်းသို့တက်ရောက်ခဲ့ပါသည်။ ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံးနှင့် အကောင်းဆုံးပြင်ဆင်ထားသော်လည်းမထင်မှတ်သော အခြေအနေ အကြောင်းအချက်များ ပေါ်ပေါက်လာနိုင်သဖြင့် ထိုမထင်မှတ်သောအကြောင်းအချက်များကိုလည်း ကြိုတင်စဉ်းစားကာ တက်ရောက်သူများမှဖော်ထုတ်၍အကြံပြုဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ ညွှန်ကြားရေးမှူးဒေါက်တာထားထားလင်း နှင့် နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ၊ ကာကွယ်ဆေး …

Read More

မြန်မာယာဉ်မောင်း ၂၀​ ဦး​ကျော်အား ​ပေါက်​​ဖော်​ကြီးတို့မှ ကာကွယ်ဆေးထိုးပေးခဲ့လို့ မြန်မာ့ပထမဆုံး ကာကွယ်ဆေးထိုးသူများအဖြစ် မှတ်တမ်းဝင်ခဲ့

မြန်မာ-​ပေါက်​​ဖော်​နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသားယာဉ်မောင်း ၂၃ ဦးကို ပထမဆုံးအကြိမ်အဖြစ် ​ပေါက်​​ဖော်​နိုင်ငံကျန်းမာရေးဌာနက ကိုဗစ်ရောဂါ ကာကွယ်ဆေးအခမဲ့ထိုးပေးလိုက်သည်ဟု မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း အလုပ်အမှုဆောင် ဦးစိုင်းခင်မောင်က ပြောပါတယ်။ မြန်မာနိုင်ငံသား ယာဉ်မောင်း ၂၃ ဦးကို​ပေါက်​​ဖော်​ကုန်သွယ်ရေးရုံး အစီအစဉ်ဖြင့် ဒီဇင်ဘာ ၂၈ရက်တွင် ဝမ်တိန်မြို့ရှိ ကျန်းမာရေးဌာနသို့ ခေါ်ဆောင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်း ဖြစ်ပါတယ်။ “အစားထိုးယာဉ်မောင်း ၂၃ ယောက်ကို ထိုးပေးတာ။ မြန်မာနိုင်ငံမှာ …

Read More

ကိုဗစ်​ရှိမရှိအား အပြင်မှာစစ်​ပေးမိလို့အဖမ်းခံခဲ့ရတဲ့ ဆရာဝန်ကိစ္စကိုမြောက်ဥက္ကလာဆေးရုံအုပ်ကြီးမှ ပြောပြီ​လေ

“လူသားဆန်စွာ ဆရာဝန်တစ်ယောက်အနေနဲ့တွေးပြီးရေးမယ်” အစိုးရဆေးရုံမှာပဲစစ်မနေကြဘဲ ဘယ်ဆေးရုံ မှာစစ်ခွင့်ပေးမလဲသေချာစိစစ် ဒီ Test Kit ပဲစစ်ရမယ်သတ်မှတ်။ သူ့ဘာသာ တတ်နိုင်တဲ့သူကစစ်ပါစေပေါ့။ အခုလည်း စစ်ပေးတဲ့ဆရာဝန်ကိုဖမ်းတာထက်ပညာပေးပြီး ပြန်လွှတ်ရမယ်။ မူကိုပြင်ပေးသင့်တာ။ Positive ဆို ဆိုင်ရာစစ်ပေးတဲ့ ပြင်ပဆေးရုံကနေ သက်ဆိုင်ရာဒေသန္တရကိုသတင်းပို့ပေးပေါ့။ အိမ်တွေမှာ အနံ့မပျောက်တပျောက်တွေအများကြီး၊ အပြင်ထွက်လည်း စစ်ဖို့အဆင်မပြေကြတဲ့ သူတွေလည်းရှိတယ်။ တကယ်ရောဂါလက္ခဏာ မပြင်းထန်ဘူးဆိုအိမ်မှာပေးနေစေချင်တယ်။ ဆေးရုံသို့ Q စင်တာမှာနေမှပိုးကပိုကူး၊ …

Read More

နေပြည်တော်တပ်ကုန်းဂိတ်မှာ ကျခဲ့ရတဲ့ဆရာဝန်တယောက်ရဲ့ရင်​ထဲက မျက်ရည်စက်​များ

(တိတ်တခိုးမျက်ရည်) “မိန်းမ တော်တော်မောနေလားဟင်။ တော်တော်ကြာ ကားရောက်လာတော့မှာပါ။ အဲ့ကျရင်တော့ ဆေးရုံသွားလို့ရပြီလေ။” အနည်းငယ်တုန်ယင်နေပြီး အဆုံးသတ်ကျ အားလျော့စွာဖျော့တော့သွားသောထိုစကားသံကို ကြားလိုက်ရချိန်တွင်ဖြတ်လျှောက်နေသော ကျွန်တော့ခြေထောက်များတုံ့ဆိုင်းသွားခဲ့သည်။ နေရာကနေပြည်တော်တပ်ကုန်းဂိတ်။ မိသားစုရှိရာ နေပြည်တော်သို့ ပြန်လာသည်မို့ ကွာရတင်းဝင်ရန် လာခေါ်မည့်ကားကို စောင့်ဆိုင်းနေသည့်အချိန်။ အထက်ပါစကားကို တိုးညင်းစွာကြားလိုက်ရခြင်းဖြစ်သည်။ အကျင့်ရနေသော မျက်လုံးကဖျတ်ခနဲကြည့်လိုက်မိသည်နှင့် လူနာအခြေကို ကျွန်တော်သဘောပေါက်မိသွားသည်။ ဆံပင်တို့ပြောင်ရှင်းနေပြီးပါးလျနေသောခန္ဓာ မဲညစ်ခြောက်သွေ့နေသော အသားအရေနှင့် ဝါကျင့်ကျင့်မျက်လုံးတို့ကကင်ဆာသမားတို့၏ လက္ခဏာဆိုသည်မှာယုံမှားဖွယ်မရှိချေ။ …

Read More

အိန္ဒိယနိုင်ငံထဲ​မှာအမည်မသိ ကူးစက်ရောဂါတစ်ခုစဖြ​စ်​​နေပြီး လူ(၃၀၀)ကျော်ကူးစက်ခံထားရ

လက်ရှိကပ်ရောဂါကြီးကြောင့်နာလံမထူသေးတဲ့ကမ္ဘာကြီးမှာနောက်ထပ်စိုးရိမ်စရာတစ်ခုတိုးလာပြီလို့CNN သတင်းဌာနကဒီကနေ့ရက်စွဲနဲ့ဖော်ပြလိုက်ပါတယ်။သတင်းဆောင်းပါးရဲ့မူလခေါင်းစဉ်ကတော့” Unidentified illness hospitalizes more than 300 people in India“ဖြစ်ပြီး၊ ကမ္ဘာတစ်ခုလုံးကိုမိနစ်အနည်းငယ်တွင်းကိုင်လှုပ်ခဲ့တဲ့သတင်းပါ။ အိန္ဒိယနိုင်ငံ၊ အန်ဒါပရာဒက်ရှ်ပြည်နယ်၊ Eluru အမည်ရမြို့ငယ်လေးမှာဒီကူးစက် မှုကစတင်ခဲ့တာဖြစ်ပြီး၊သက်ဆိုင်ရာအစိုးရကတော့ကော်မရှင်ဖွဲ့စုံစမ်းမှုတွေပြုလုပ်နေပါတယ်။လက်ရှိချိန်ထိကူးစက်ရောဂါအမျိုးအစားကို ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။သတင်းမှာဖော်ပြချက်အရသေဆုံးတစ်ဦးရှိထားပြီး(၃၀၀)ကူးစက် ခံထားရပါသတဲ့။ ရောဂါလက္ခဏာတွေကတော့တက်ခြင်း၊သတိလစ်ခြင်း၊ ပျို့အန်ခြင်းစတဲ့လက္ခဏာတွေဖြစ်ပါတယ်။ဒီအဖြစ်အပျက်ဟာတရုတ်နိုင်ငံကအိန္ဒိယဟာကိုဗစ်စတင်ရာ ဖြစ်ကြောင်းစွပ်စွဲပြီးသိပ်မကြာမီမှာတိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာခဲ့တာပါ။ ဒီလိုပဲတရုတ်ရဲ့ဝူဟန် ဧကရီလို့တင်စားကြတဲ့ဒေါက်တာရှီကျန်လီကလည်းမကြာမီမှာဒီထက်များပြားတဲ့ကူးစက်ရောဂါတွေလာလိမ့်မယ်လို့သတိပေးခဲ့ပါသေးတယ်။ အိန္ဒိယဟာကိုဗစ်အဆိုးဆုံးဒုတိယနိုင်ငံအဖြစ် ရပ်တည်နေပြီး၊ အန်ဒါပရာဒက်ရှ်ပြည်နယ်ကလည်းအိန္ဒိယမှာကိုဗစ်ကူးစက်မှုထိပ်သီးဖြစ်နေပါတယ်။အခုဖြစ်နေတဲ့ကူးစက်ရောဂါအသစ်ကကိုဗစ်လက္ခဏာတွေနဲ့မတူညီဘဲ၊ထူးခြားပြီးအဖျားရှိန်ကသတိလစ်လောက်အောင်အထိအလွန်ပြင်းထန်တယ်လို့ဆိုပါတယ်။ ကူးစက်သူအသစ်တွေကိုကိုဗစ်ရှိမရှိစစ်ဆေးတဲ့အခါမှာတော့ကိုဗစ်ပိုးမတွေ့ရဘူးလို့ခရိုင်ကြီကြပ်အရာရှိDolla Joshi Roy …

Read More

လက်ရှိ​ရောဂါခံစားရမှုတွေ ပိုပြီးပြင်းထန်လာတဲ့ကိုဗစ်ဒုတိယလှိုင်းမှာ ​ပေါ့ပေါ့ဆဆနေကြသူများ သတိထားကြပါဗျာ

ကိုဗစ်လူနာဆောင်မှာ အဖိုးရယ်အဖွားရယ်နှစ်ယောက်အတူပိုးတွေ့တယ်။ အဖိုးကခုထက်ထိတော့အခြေအနေကောင်းသေးတယ်။ အဖွားကအောက်ဆီဂျင်ကျတယ်။ ​ရောက်ကထဲကအောက် ဆီဂျင်ထိုးကျလို့ အောက်ဆီဂျင်အမြန်နှုန်းနဲ့ပေးထားရတယ်။ အသက်ရှူအားကူစက်ကို အသင့်ပြင်ကုတင်ဘေးထိဆွဲယူထားရတယ်။အ​ခြေအနေကတက်လိုက်ကျလိုက်ဘဲ။ ​ကောင်းလိုက်ဆိုးလိုက်ဘဲ။ ဗိုင်းရပ်ပိုးသတ်တဲ့ Remdisivir ဆေးလဲတင်ပိုးသတ်ဆေးနဲ့လိုတဲ့ဆေးတွေစုပြုံထိုးထား။ တခါမှမရှိဘူးတဲ့ဆီးချိုက ရုတ်တရက်ခေါင်ခိုက်အောင်တက်လာ။ insulin pump နဲ့ ဆီးချိုကိုချ။ ​သွေးတွေခဲပိတ်သွားနိုင်တဲ့အန္တရာယ်ကြောင့်လိုတဲ့ဆေးတွေထိုး။ အဆောင်သစ် မှာအောက်ဆီဂျင်ပိုက်လိုင်းစနစ်နဲ့outlet (အောက်ဆီဂျင်​ပွိုင့်)တွေ အများအပြားတပ်ဆင် ထားလို့ ကုတင်ဘေးမှာတင်အရာရာဆောင်ရွက်လို့ရတော့အခန်းခွဲထုတ်လိုက်စရာမလိုဘဲ အဖိုးနဲ့အဖွားကို ကုတင်ကပ်လျက်ဆက်ထားပေးနိုင်ခဲ့ပါတယ်။ အဖိုးကစိတ်ပူရမှန်းသိနေပြီဆိုတော့သူ့ကုတင်ပေါ်ကနေ အဖွားကုတင်ဘေးကိုဆင်းလာ။ …

Read More