ကျွန်တော်တို့ပြည်သူများဟာ ဒီမိုကရေစီငတ်လိုက်​ကျပုံများ ကျွန်တော်ပြောပြချင်သေးတယ်ဗျာ

ကျွန်တော်တို့ပြည်သူတွေဒီမိုကရေစီငတ်ကြီးကျပုံများကျွန်တော်ပြောပြချင်သေးတယ်။(ဒီနှစ်ရဲ့ ဒီရက်မှာဆိုင်တွေပိတ်ဆိုပိတ်လိုက်ကြတယ်အဲ့ဒီအမိန့် ဘယ်ကထွက်လဲဆိုတာသူတို့သိတယ်။ဆိုင်ပိတ်လို့ငတ်မှာမကြောက်နဲ့အကိုရေလိုရေရမယ်ထမင်းဆာရင်ထမင်းရမယ်အအေးချိန်မှာ အအေးရမယ်ဆေးချိန်ဆိုဆေးရမယ်အကိုဘယ်သူပေးမလဲမမေးနဲ့”ပြည်သူကို ပြည်သူကကျွေးနေတာ”။ ထမင်းဘူးတွေလိုက်ဝေနေတယ်ဆာဆာနဲ့စားမယ်ကြံတော့ဗူးအဖုံးမှာစာလုံးလေးရှစ်လုံး”ယုံကြည်စိတ်ချစွာ သုံးဆောင်ပါ”တဲ့ကျွန်တော်ပြုံးမိသွားတယ်။”ကျွေးမယ့်ပြည်သူကစားမယ့်ပြည်သူကိုအောက်ကျစွာတောင်းဆိုနေတာများ”ခင်ဗျားတစ်သက်မြင်ဖူးလား။ တစ်ခါသုံးကော်ဗူးပေါ်မှာစာကပ်ဖို့တစ်လုပ်ထမင်းချက်ဖို့တစ်ခါဝေဖို့တစ်မျိုးနောက်ဆုံးထိမစားမှာစိတ်ပူနေကြသေးတယ်။ ဒီမိုကရေစီငတ်လိုက်တာအကိုတို့ရယ်ကြံချောင်းတွေကားပေါ်တင်ကြံကြိတ်စက်ကြီးအလယ်မှာထားလာသမျှပြည်သူသောက်ဖို့ခင်ဗျားတို့မို့မမောမပန်းလုပ်နိုင်တယ်။ဒီမိုကရေစီငတ်လိုက်တာညီမလေးရယ်အအေးဗူးတွေ မျိုးစုံနဲ့ပုံးကြီးအလည်မှာထားပြီးအကိုအအေးသောက်ပါအစ်မအအေးသောက်ပါလို့အောက်ကျတဲ့လေသံလေးနဲ့လိုက်ဝေပေးနေရှာတာသူ့မျက်နှာမှာချွေးတွေပြန်လို့။ “အကိုမူးရင်ရှူဖို့ ရှူဆေးလေးယူသွားနော်တဲ့”အဲ့လိုမေးတဲ့ညီလေး မင်းဘာပြန်ယူမလဲမေးကြည့်”ဖြစ်နိုင်ရင်ကျွန်တော်ဒီမိုကရေစီလိုချင်တယ်အကိုရယ်”လို့သူပြန်ဖြေလိမ့်မယ်။နေပူပူချွေးထွက် သလား၊စနှိုးတာဝါအေးအေးလေးနဲ့သုတ်ပါပြည်သူ့မေတ္တာနဲ့ပိုအေးမြနေလိမ့်မယ်ခင်ဗျားဆီကထွက်တဲ့ချွေးထက်ပိုတဲ့မေတ္တာတွေခင်ဗျားပြန်ရမှာပါ။”အစာပြေကြက်ဥကလေးစား ငါ့တူ”တဲ့ အဝတ်ခပ်နွမ်းနွမ်းနဲ့ဦးလေးတစ်ယောက်ကဝေနေတယ်မယုံမရှိပါနဲ့ ကျွန်တော်ပုံပြင်ပြောနေတာမဟုတ်ပါဘူး။အစ်မသုံးယောက်ကတ္တရာပေါ်ငုတ်တုတ်ထိုင်လို့ကျောနောက်မှာမှီစရာမရှိဘူးတင်ပါးအောက်မှာနံကာပြားလေးခုလို့ရှေ့မှာဆိုင်းပုဒ်လေးတစ်ခုနဲ့”ကျွန်မတို့တိုက်ပွဲတိုက်နေတာပါ၊မျက်နှာမပြောင်ပါနဲ့”လို့ဆိုင်းပုဒ်ကလေးချရင်းလက်ကအဆက်မပြတ်ချည်ထိုးလက်ပတ်ကြိုး ကလေးတွေကိုလာသမျှကိုယ်တိုင်ချည်ပေးနေလေရဲ့။ခြင်းတောင်းကလေးထဲကလိမ္မော်သီးတွေ ဘယ်သူကျွေးလဲမသိဘူးဆိုင်းပုဒ်ကလေးကပ်လို့”အဆာပြေယူစားနိုင်ပါသည်”တဲ့ပိုင်ရှင်မဲ့မေတ္တာတွေဟာတပုံတပင်။ရေဗူးတွေဟာ ကားပေါ်မှာတောင်လိုပုံနေချိန်အကိုတစ်ယောက် ရေဗူးကဒ်လိုက်ကိုင်ပြီးရောက်လာတယ်”အန်တီတို့ ရေသောက်ပါဦးတဲ့”တွေ့သမျှစားနေတဲ့ ဗိုက်တွေဟာရေကိုခံတွင်းမတွေ့ချင်တော့ “တော်ပါပီ ငါ့တူ”လို့ အန်တီတစ်ယောက်ကထ ငြင်းတော့လူတိုင်းငြင်းနေကြတယ်ကျွန်တော်အရင် သောက်ပြပါ့မယ်”ကျွန်တော်လည်းအမေစုဘက်ကပါဗျာ”လို့သူဝမ်းနည်းစ္စာပြောနေရှာတယ်။ဆန္ဒပြလား ပျော်ပွဲစားလားမကွဲဘူးတွေးကြည့်ရင်ရယ်စရာလိုလို ရှက်စရာလိုလိုဒါပေမယ့်ကျွန်တော့်ပြောတဲ့ထဲမှာကားအကောင်းစားနဲ့ …

Read More

၂၀၂၀ ရွေးကောက်ပွဲရလဒ်ပျက်သွားပြီဟု ကော်မရှင်ဥက္ကဌသစ်ဦးသိန်းစိုးမှ ပြောလာခဲ့​ကြောင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ပယ်ပျက်သွားပြီဟုစစ်ကောင်စီက ခန့်အပ်ထားသည့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌသစ် ဦးသိန်းစိုးက ပြောဆိုခဲ့ကြောင်း သိရသည်။ယနေ့နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးတွင်ကျင်းပသည့်ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၅၃ ခုတို့တွေ့ဆုံပွဲတွင်ကော်မရှင်အသစ်ကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ကြောင်းယခုဆွေးနွေးပွဲသို့တက်ရောက်နေသူ မြန်မာအမျိုးသားကွန်ဂရက်ပါတီဥက္ကဌ ဦးကောင်းမြင့်ထွဋ်ကသတင်းထောက်များကိုပြောသည်။ “ကော်မရှင်ဥက္ကဌအသစ်ကအာဏာ ၃ ရပ်ကိုနိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီကနေကိုင်ထားလိုက်ပြီ။ အရင်လွှတ်တော်တွေနဲ့အရင်ရွေးကောက်ပွဲရလဒ်တွေကပျက်ပြယ်သွားပြီ ဆိုတာကိုလုံးဝအခိုင်အမာပြောပါတယ်”ဟု ဦးကောင်းမြင့်ထွဋ်က ပြောသည်။ မဲစာရင်းကိစ္စနှင့် ပတ်သက်၍လည်း မဲစာရင်းမှားယွင်းမှုများရှိကြောင်း၊ …

Read More

ငဖဲမြို့ရဲစခန်းရှေ့တွင်​ညလုံးပေါက်ဆန္ဒထုတ်ဖော်ကြသူများ ဒီနေ့မနက်အထိ ဆက်လက်ရှိနေခဲ့ကြတဲ့ဗျာ

ငဖမြို့ရဲစခန်းရှေ့၌ ညလုံးပေါက်ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ဒေသခံများဟာ ဒီကနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) မနက်ပိုင်းအထိဆက်လက်ဆန္ဒထုတ်ဖော်လျက်ရှိပြီးဖမ်းဆီးထားတဲ့အမျိုးသား လွတ်မြောက်ရေးအတွက်တောင်းဆိုလျက်ရှိပါတယ်။ “ညကတစ်ညလုံး စခန်းရှေ့မှာတောင်းဆိုကြတယ်၊ လူဦးရေငါးရာလောက်ရှိမယ်၊ မနက်၆နာရီခွဲလောက်မှာရဲကဒိုင်းတွေနဲ့တိုးလာလို့နောက်ကို နဲနဲဆုတ်ပေးခဲ့ကြရတယ်။ အခုမနက်ပိုင်းမှာလူတွေပိုများလာတယ်”လို့ ဆန္ဒပြတဲ့ နေရာကို ရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။လူမှုကူညီရေးအသင်းတစ်သင်းမှာပရဟိတသမားဖြစ်တဲ့ အဆိုပါအမျိုးသားကိုမနေ့ကမနက်ပိုင်းက ဆိုင်ကယ်နဲ့ပဒါန်းရဲစခန်းရှေ့အရောက်မှာ ဖမ်းဆီးလိုက်တာပါ။ကိုဝေဠုဆိုတဲ့ အဆိုပါအမျိုးသားကို ငဖဲမြို့မစခန်းမှ ပုဒ်မ ၅၀၅- က နဲ့ ဖမ်းဆီးထားတယ်လို့ သိရပြီး …

Read More

ယုံယုံကြည်ကြည်ရှိ​သောသူများရဲ့ တောင်းတဲ့ဆုတိုင်းကိုပြည့်စေတဲ့ ရှင်စောပုစေတီတော်တဲ့ ရှယ်​​ပေးခြင်းဖြင့်​ ကုသိုလ်​ယူခဲ့ကြပါဦးဗျာ

ရွှေတိဂုံ စေတီတော်ကြီးရှိ ရှင်စောပုဘုရား ဆုတောင်းပြည့် ဘုရားဟံသာဝတီပြည့်ရှင် ဘုရင်မကြီး ရှင်စောပု တည်ခဲ့သောကြောင့် ရှင်စောပုစေတီ ဟု အမည်တွင်သည်။ရွှေချသော အုတ်ဖြူစေတီ ၆ ဆူအနက် ဉာဏ်တော်အမြင့်ဆုံး စေတီမှာ ရှင်စောပုစေတီ ဖြစ်သည်။ရွှေတိဂုံစေတီ၏ အနောက်ဘက်မုခ်နှင့် မြောက်ဘက် မုခ်ကြားရာဟုထောင့်ချမ်းသာကြီးဘုရားဘေးတွင် တည်ထားပါတယ်။ရှင်စောပုဘုရားစေတီရှိရာ အုတ်ဖိနပ်ပေါ်သို့ အမျိုးသားများသာ တက်ရောက်၍ ဖူးမြော်နိုင်သည်။စေတီ၏ ဂန္ဓကုဋီတိုက်ဖြစ်သော အုတ်ပြာသာဒ်အတွင်းရှိ ရုပ်ပွားတော်ကိုရှင်စောပု ဆုတောင်းပြည့်ဘုရားဟုခေါ်၏။တောင်ဘက်သို့ …

Read More

ထူးခြားဆန်းပြားလွန်းလှတဲ့ နဂါးမယ်တော်ပုံရှိ​နေ​သော ​တောင်​​တော်​တစ်​ခုအား​တွေ့လိုက်​ရ​သောအခါ

မွန်ပြည်နယ် ပေါင်မြို့ ကဒါရပ်ကွက် ကမ္ဘာအေး ဘုရားလမ်းကနေ တောင်တန်းကို လှမ်းမျှော်ကြည့်လိုက်ရင်ရွှေရောင် တဝင်းဝင်းနဲ့စေတီလေး ဖူးတွေ့ရမှာပါ။ ထိုစေတီလေးရဲ့ထူးခြားမှုကတော့ နဂါးမယ်တော်ပုံပဲ ဖြစ်ပါတယ်။ဆေးရေး ပန်းချီဖြစ်ပြီး အမြင့်ကတော့ ၃၈ တောင်ခန့်ရှိတယ်။ ပေါင်မြို့နယ်ရဲ့အကြီးဆုံးပန်းချီကား ဖြစ်ပါတယ်။ကျောက်တောင် နံရံပေါ်မှာရေးဆွဲထားတဲ့ ပုံလေးပါပေါင်မြို့ကနေလှမ်းကြည့်ပါကစေတီသာ မြင်ရမှာပါ။အခုတော့ထိုဆေးရေးပန်းချီကိုကုသိုလ်ဖြစ်စေတနာရှင်လူတစ်စုကရှေးမူမပျက် ပြန်လည်ပြီးဆေးတင်ခြင်းပြုလုပ်မှာဖြစ်ပါတယ်ပေါင်မြို့ရဲ့ ရှေးဟောင်းလက်ရာဆိုလည်းမမှားပါဘူး။ သွားချင်တယ်ဆိုရင်တော့ဆုတောင်းပြည့်ဘုရားတက်တဲ့လမ်းကတက်လို့ရသလို နန်းတော်ကုန်း သွားတဲ့လမ်းကလည်း တက်လို့ရတယ်လို့ မိတ်ဆွေ တစ်ဦးကပြောပြပါတယ်။အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း …

Read More

စီဒီအမ်​ ပြုလုပ်​နေကြတဲ့ထွေအုပ်ဝန်ထမ်းများအား ဒေသခံပြည်သူလူထုများမှ ဂုဏ်ပြုချီးမြှင့်ခဲ့

ကသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက CDM ပြုလုပ်နေတဲ့ဝန်ထမ်း(၈)ဦးကို ပြည်သူလူထုက ဒီနေ့ဖေဖော်ဝါရီလ(၂၅)ရက် မနက်ပိုင်းမှာ ဂုဏ်ပြု ချီးမြှင့်ခဲ့ကြတယ်လို့ သိရပါတယ်။ဒီနေ့မနက်ပိုင်း(၉)နာရီအချိန်ကစုရပ်ဖြစ်တဲ့ မဟာလေးထပ်ကျောင်းဝန်းအတွင်းမှာ စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒထုတ်ဖော်ဖို့ လာရောက်ကြတဲ့ ပြည်သူလူထုတွေက CDM လုပ်နေတဲ့ ထွေအုပ်ဝန်ထမ်း(၈)ဦးကို ပန်းကုံးစွပ်ဂုဏ်ပြုတာ၊ အလေးပြုဂုဏ်ပြုတာအပါအဝင် ဂုဏ်ပြုငွေပါ ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။CDM မှာပါတဲ့ထွေအုပ်ဝန်ထမ်းတဦးက”ဘယ်သူမှ ဦးဆောင်ခြင်းမရှိဘဲတစ်ယောက်ချင်းစီရဲ့ဦးဆောင်မှုနဲ့အတူ ပြည်သူများနဲ့အတူ ကျွန်တော်တို့ရပ်တည်တာဖြစ်ပါတယ်။ ကျွန်တော်တို့က ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားတယ်။ …

Read More

BREAKING NEWS ဓာတ်ငွေ့ပိုက်လိုင်းအတွက်ဆိုပြီး တရုတ်နိုင်ငံသားများစွာ ကူမင်းမှရောက်​ရှိလာခဲ့ပြီ

တရုတ်နိုင်ငံကူမင်း (ခွေးမင်) မြို့မှ တရုတ်နိုင်ငံသားဟု ယုံကြည်ရသူ ၆၄ ဦး ရန်ကုန်မြို့ ပန် ပစ္စိဖိတ် (Pan Pacific) ဟိုတယ်သို့ တည်းခိုရန် ယမန်နေ့ညကရောက်ရှိနေကြသည်။ယမန်နေ့ညကအဖြူရောင် အဝေးပြေးကားကြီး ၃ စီးဖြင့် လူ ၆၄ ဦး ပန်ပစ္စိဖိတ်ဟိုတယ်သို့ ရောက်လာခဲ့ပြီးအားလုံးမှာတရုတ်နိုင်ငံသားများ ဖြစ်သည်ကိုကျနော် ရရှိထားသည့်စာရင်းများအရတွေ့ရသည်။၎င်းတို့၏ပြောကြားချက်အရ “ဓာတ်ငွေ့ပိုက်လိုင်းအတွက်” ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထို့ပြင်၎င်းတို့မှာစင်းလုံးငှားလေယဉ် (Charter …

Read More

အင်္ဂလန်တော်ဝင်နန်းတော်ကို အမြဲဝင်ထွက်ခွင့်ရခဲ့သူတယောက် (သို့) အလုပ်နဲ့သက်သေပြသွားသူ ဒေါက်တာဆာဆာ

အလုပ်နဲ့သက်သေပြသွားသူ ဒေါက်တာဆာဆာ၊လ.က်.န.က်ကိုင်ပီးပါဝါတခုကိုမယူဘူး၊ ပညာ၊ ဇွဲ၊ လုံ့လ၊ ဝီရိယ ကြီးစွာနဲ့အင်္ဂလန်တော်ဝင်နန်းတော်ကိုအမြဲဝင်ထွက်ခွင့်ရခဲ့သူတယောက်၊ ချင်းလူမျိုး 1000 ​ကျော်ကိုနိုင်ငံတကာ ပညာသင်ယူခွင့်ရအောင်ဆောင်ရွက်ပေးသူ၊ ယခု မြန်မာပြည်သူလူတရပ်လုံး၏ယုံကြည်မှုတို့ဖြင့် UN မှာ မြန်မာန်ုင်ငံ၏သံတမန်အဖြစ် မြန်မာပြည်၏အနာဂတ်အတွက်အောင်မြင်အောင်ဆောင်ရွက်ပေးမဲ့သူဒေါက်တာ ဆာဆာကိုမြန့်မာ့ရာဇ၀င်တွေကစစ်သည်လေးသိန်းအားနဲ့ညီမျှခဲ့ကျန်စစ်သား၊ငထွေရူး၊ ​ညောင်ဦးဖီး၊ငလုံးလက်ဖယ်တို့လိုသူရဲကောင်းတစ်ဦးလို့သတ်မှတ်ရရင်မမှားပါဘူးဗျာ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် ယူနီကုဒ်ဖြင့် ဖတ်ရန် အလုပျနဲ့သကျသပွေသှားသူ ဒေါက်တာဆာဆာ၊လ.က်.န.က်ကိုင်ပီးပါဝါတခုကိုမယူဘူး၊ ပညာ၊ ဇွဲ၊ …

Read More

​ေနာက်ထပ်​​ကမ္ဘာကျော်ဦးမယ့် Gen Z တို့ရဲ့လှုပ်ရှားမှုတစ်ခုဆိုပါလားဗျာ

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ကမြေနီကုန်း ကုန်းကျော်တံတားအောက်မှာ “မြန်မာ့သနပ်ခါးတိုက်ပွဲ” လို့ အမည်ပေးထားတဲ့စစ်ကောင်စီအား ဆန့်ကျင်ရေးဆန္ဒပြပွဲ ပြုလုပ်နေပါတယ်။ မြန်မာ့ရိုးရာ သနပ်ခါးကို အသုံးပြုပြီး နွေဦးတော်လှန်ရေးကိုနိုင်ငံတကာကပိုမိုအသိအမှတ် ပြုစေချင်တာကြောင့်ဒီဆန္ဒပြပွဲကိုစီစဉ်ရတာ ဖြစ်တယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ကမြေနီကုန်း ကုန်းကျော်တံတားအောက်မှာ “မြန်မာ့သနပ်ခါးတိုက်ပွဲ” လို့အမည်ပေးထားတဲ့စစ်ကောင်စီ ဆန့်ကျင်ရေးဆန္ဒပြပွဲ ပြုလုပ်နေပါတယ်။ မြန်မာ့ရိုးရာ သနပ်ခါးကိုအသုံးပြုပြီးနွေဦးတော်လှန်ရေးကို နိုင်ငံတကာက ပိုမို အသိအမှတ်ပြုစေချင်တာကြောင့် ဒီဆန္ဒပြပွဲကို စီစဉ်ရတာ ဖြစ်တယ်လို့ …

Read More

အဖေကအာဏာရှင်​များကိုအား​ပေး​ထောက်​ခံတဲ့ စစ်သား​ဟောင်းဖြစ်နေ၍သားဖြစ်​သူများက မိဘအဖြစ်မှစွန့်လွှတ်လိုက်သောအခါ

လားရှိုးမြို့နေ ပြည်သူများ ကျွန်တော်၏အပေါင်းအသင်းများနှင့် ဦးဇော်ဝမ်း(အဖေဖြစ်ခဲ့ဖူးသူ) သိစေရန်ကျွန်တော်ဒေါက်တာစိုင်းကောင်းထက်ဇော် ၏ ဖခင်အရင်းဖြစ်သူတကကဇော်ဝမ်း (ထောက်လှမ်းရေး ၉-(ငြိမ်း)) သည် ယခုအချိန်ကာလတွင် စစ်တပ်ထောက်ခံသူဖြစ်သည့်အပြင်မင်းအောင်လှိုင်၏လုပ်ရပ်အားမှန်ကန်သည်ဟု ထောက်ခံနေပါသည်။နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အားပုတ်ခတ်စွပ်စွဲပြောဆိုသည့် ပိုစ့်များအားလည်း အဆက်မပြတ်တင်လျက်ရှိပါသည်။ထို့အပြင်ကျွန်တော့မိခင်၏ယခုလက်ရှိစစ်အာဏာရှင်များအားမထောက်ခံကြောင်းဆန္ဒပြမှုများအပေါ် ခြိမ်းခြောက်ဆဲဆိုသည်ကိုလည်း သိရပါသည်။ယခုအချိန်တွင်ဦးဇော်ဝမ်းသည် အာဏာမရှိလ.က်န.က်မရှိစစ်တပ်မြဝတီဘဏ်အစောင့် လုပ်နေသော်ညားယခင်ထောက်လှမ်းရေးတပ် ၉ စစ်မှုထမ်းဟောင်းများနှင့်ဖွဲ့စည်းကာလားရှိုးမြို့ CDM လုပ်နေသူများ CDM ဦးဆောင်နေသူများ ကိုဖြို.ခွ.င်းမည်ဟုသွေးထိုးစစ်တပ်လော်ဘီပို့စ်များအားတွေ့မြင်ရပါသည်။စစ်အာဏာရှင်ကိုဆန့်ကျင်နေသည့်ကျွန်တော့အတွက် ဖခင်၏လုပ်ရပ်များသည်လွန်စွာအကျည်းတန်ရှက်စရာကောင်းပါသည်။သို့ဖြစ်ပါ၍ ဖခင်ဖြစ်သူ ဦးဇော်ဝမ်း (ခ)တကက …

Read More